Tuesday, 26 July 2016 15:11

အငြိမ်းစားလစာအကျိုးခံစားခွင့်များ ထုတ်ယူနိုင်ရေး အသိပေးအကြောင်းကြားခြင်း

Written by 
Rate this item
(0 votes)

နေပြည်တော်၊ ဇူလိုင် ၂၆

၂၀၁၆ ခုနှစ် ဖေ ၂ ရက်နေ့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရေနစ်သေဆုံးခဲ့သည့် ကိုယ်ပိုင်အမှတ်၊ တ-၄၀၉၁၁၀ တပ်သား သန်းဌေး၏ အငြိမ်းစားလစာနှင့် အကျိုးခံစားခွင့်များရရှိရေးအတွက် ၄င်းစစ်သည်၏ အမွေခံဖြစ်သူ (အစ်မ) ဒေါ်အုန်းခင် နေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဆူကျိုးရပ်ကွက်၊ အမှတ်(အေ-၁၉)၊ စည်ပင်ဝန်း သို့ ဆက်သွယ်အကြောင်းကြားသော်လည်း ဒေါ်အုန်းခင်မှာ အထက်ပါလိပ်စာတွင် နေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ စစ်သည်၏ အိမ်ထောင်စုဝင် အငြိမ်းစားလစာ အကျိုးခံစားခွင့်များနှင့် စုဆောင်းထားသည့် ဘဏ်စုငွေတို့အား  အမွေခံဖြစ်သူမှ စစ်ရေးချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ ဆက်သွယ်ထုတ်ယူနိုင်ရေးအတွက် အသိပေးအကြောင်းကြားအပ်ပါသည်။

Read 1136 times Last modified on Tuesday, 26 July 2016 15:25
မောင်မောင်

ပြည်သူ့ အတွက် မြ၀တီ

Website: www.myawady.com.mm