Friday, 19 May 2017 15:21

ပေါက်တောမြို့ရှိ မီးဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အမှတ်(၃) ရပ်ကွက်၌ မေ  ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၁၅ဝ ခန့်တန်ဖိုးရှိ နေအိမ် ၂၃ လုံးနှင့် ရဲကင်းရုံ တစ်ခုတို့ မီးလောင်ပျက်စီး ဆုံးရှုံးပြီး ဒေသခံပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ ယင်းနေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့နှင့် နယ်မြေခံ တပ်မတော်သား များက သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက် ပေးရာတွင် မီးလောင်ဒဏ်ရာ ရရှိသူ သုံးဦးအပြင် အရိုး/ အကြောရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၁၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများအား စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 19 times Last modified on Friday, 19 May 2017 15:25