Friday, 19 May 2017 15:18

ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၈

မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားဖြူ ကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ သွားရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၃၂၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးအုပ်စု ခွဲပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 18 times Last modified on Friday, 19 May 2017 15:21