Friday, 19 May 2017 15:16

လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်နှင့် နားကုန်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်နှင့် နားကုန်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 18 times Last modified on Friday, 19 May 2017 15:19