Thursday, 18 May 2017 17:44

ကာမိုင်းမြို့နယ်၊ နန့်တိန်းကျေးရွာ အနီး၌ ကျောက်စိမ်း အရိုင်းတုံးများ တရားမဝင် သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၇

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ယနေ့နံနက် ၇ နာရီခွဲ ခန့်တွင် ကာမိုင်းမြို့၏ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်အကွာရှိ နန့်တိန်းကျေးရွာ အနီး၌ မျိုးလွင်ထွန်း(ဘ) ဦးမြင့်သိန်း မောင်းနှင်လာသည့်

တိုရိုတာကမ်မရီ အမျိုးအစား ယာဉ်အမှတ်၊ 3D / ------ အား မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်း အရိုင်းတုံး ဆိုဒ်စုံ ၃၂ တုံး(၂၄၅ ကီလိုဂရမ်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော် ယာဉ်နှင့် ကျောက်စိမ်းတုံး များအား ကာမိုင်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Thursday, 18 May 2017 17:45