Thursday, 18 May 2017 16:00

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တည်ခင်း ဧည့်ခံသည့် ကြိုဆို ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၇

(၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ  အလွတ်သဘော အစည်းအဝေး  (14th ACDFIM) သို့ တက်ရောက်ရန်အတွက်

ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိ နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၁၇ရက် ဒေသစံတော်ချိန် ည၇နာရီတွင် Phili-ppine International Convention Center ရှိ Meeting Room 1 ၌ ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  Gen.Eduardo M.Ano  နှင့်ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါကြိုဆို ဂုဏ်ပြု ညစာစားပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် များအား ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  Gen.Eduardo M. Ano နှင့်ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြပြီး  နိုင်ငံအလိုက် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညစာစားပွဲသို့ တက်ရောက် လာကြသည့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အတူ  ညစာကို အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ဖိလစ်ပိုင် တပ်မတော် တေးဂီတအဖွဲ့က တေးသီချင်းများဖြင့်  သီဆိုကပြ ဖျော်ဖြေကြသည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။     

………

Read 425 times Last modified on Thursday, 18 May 2017 16:02