Thursday, 18 May 2017 15:39

လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းသားများ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် လေယာဉ်ပြုပြင် ထိန်းသိမ်းမှု တို့ကို သွားရောက်လေ့လာ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဖွင့်လှစ်ထားရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)တို့မှ သင်တန်းသား၊ သင်တန်းသူများသည် မေ ၁၆ ရက် နံနက်ပိုင်းတွင် သန်လျင် တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက် လေ့လာကြသည်။

သင်တန်းစခန်း ၁၄ ခုမှ လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူ ၅၆ဝ ဦးတို့သည် ရေတပ်လေ့ကျင့်ရေး ဌာနချုပ်ရှိ Ship Handling Simulator (A)နှင့် Engine Room၊ Fire Fighting Trainer ၊ တပ်မတော်(ရေ) ဗဟိုစာကြည့်တိုက်နှင့် စိတ်ဓာတ် မြှင့်တင်ရေးခန်းမ၊ နက္ခတ်တာရာပြခန်း၊ စာသင်ဆောင်များ၊ DCS Zarmani နှင့် စစ်ရေယာဉ် (မေယု)တို့အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများသည် နယ်မြေခံ ဗျူဟာစစ်ရေယာဉ်စုသို့ သွားရောက်၍ ရန်ကုန်မြစ်တွင်းသို့ စစ်ရေယာဉ်ဖြင့် သွားရောက် လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း လေကြောင်း လူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံ ဘုရားသို့ သွားရောက်ဖူးမြော်ပြီး မင်္ဂလာဒုံ တပ်နယ်၌ လေယာဉ်ပြုပြင် ထိန်းသိမ်းနေမှု တို့ကို  သွားရောက်လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Thursday, 18 May 2017 15:42