Wednesday, 17 May 2017 18:36

မြန်မာ့ သိုင်း သင်တန်း ဖွင့်ပွဲ ပြုလုပ်

Written by 
Rate this item
(0 votes)

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်း သင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် အရာရှိ၊ စစ် သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါ သင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင် တန်းသား ၁ဝဝ ဦးဖြင့် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 18 times Last modified on Wednesday, 17 May 2017 18:38