Wednesday, 17 May 2017 16:08

ဖရူဆို မြို့နယ်အတွင်း တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၆

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် မေ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် ကေးလျားကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ ရောက်ရှိစဉ်

တရားမဝင်ကျွန်း၊ အင်၊ ပိတောက်၊ သစ်ရာနှင့် ပျဉ်းကတိုး စကွဲယားတုံး/ သစ်လုံးမျိုးစုံ စုစုပေါင်း ၃၁၆ လုံး(ခန့်မှန်း ၅၂ ဒသမ ၄ တန်ခန့်)၊ သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် အင်ဂျင်တစ်လုံးနှင့် ၆ ပေလွှဝိုင်း နှစ်ချပ်တို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သစ်များနှင့် ဆက်စပ်ပစ္စည်း များကို ဒီးမော့ဆို သစ်တော ဦးစီးဌာနသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 18 times Last modified on Wednesday, 17 May 2017 16:09