Wednesday, 17 May 2017 15:13

ငွေကျပ်သိန်း ၁၂၇ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ပန်ခေါက်ဝိုး ကျေးရွာအနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ် ဝင်/ထွက် မှုများအား စစ်ဆေး ဆောင်ရွက်စဉ်

မေ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်တွင် လွိုင်လင်မြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ ထန်ရှောက်ရှန်း(ဘ) ဦးထန်ကြိမ်လျှန်း မောင်းနှင်လာသည့် တိုယိုတာ ဟိုင်းလပ်အမျိုးအစား မော်တော်ယာဉ်အမှတ် 7B/------- အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းအတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် 88 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၈ဝဝဝ ပြား၊ အိုက်စ်ပုံဆောင်ခဲ ၄ဝ ကီလိုဂရမ်ခန့် (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၂၇၈ဝ ခန့်)တို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား လွိုင်လင်မြို့မ ရဲစခန်း၌ တရားဥပဒေအရ  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 17 times Last modified on Wednesday, 17 May 2017 15:19