Wednesday, 17 May 2017 15:10

သာစည်မြို့နယ်၊ ကြာဘက်ကုန်း ကျေးရွာ၌ စက်ရေတွင်းနှင့် ရေစုကန် ဆောက်လုပ်လှူဒါန်း

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၆

သောက်သုံးရေ ရှားပါးလျက်ရှိသည့် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ ကြာဘက်ကုန်း ကျေးရွာ၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ၄ လက်မ စက်ရေတွင်း၊ ရေစုကန်နှင့် ရေစက် အဆောက်အအုံ တို့ကို ဧပြီ ၃ဝ ရက်မှ စတင်ဆောက်လုပ် လှူဒါန်းခဲ့ရာ မေ ၁၃ ရက်တွင် ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာ၌ အိမ်ခြေ ၃၇၄ လုံး၊ လူဦးရေ ၁၇၁၉ ဦးတို့ နေထိုင်လျက်ရှိပြီး ယခင်က စက်ရေတွင်းနှင့် လက်ရိုက်တွင်းများကို တစ်ပိုင်တစ်နိုင် တူးဖော် ကြသော်လည်း ထွက်ရှိလာသည့် ရေများမှာ ရေငန်များ ဖြစ်ခြင်းနှင့် ထုံးဓာတ်များ ပါနေခြင်းကြောင့် သောက်သုံးရေကို သာစည်မြို့မှ ဝယ်ယူသောက်သုံးရကာ သောက်သုံးရေ ရှားပါးသည့် အခက်အခဲ များကို နှစ်စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ယခုတူးဖော် ဆောက်လုပ် လှူဒါန်းခဲ့သည့် စက်ရေတွင်းမှ နေ့စဉ်သောက်သုံးရေ ၄၈ဝဝ ဂါလန်ကို မေ ၁၅ ရက်မှ စတင်ဖြန့်ဝေ သုံးစွဲလျက် ရှိကြောင်း သတင်းရရှိသည်။

Read 10 times Last modified on Wednesday, 17 May 2017 15:14