Wednesday, 17 May 2017 15:10

ဇေယျာသီရိမြို့နယ်၊ ခေတ်အေး ကျေးရွာအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၆

နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၇ဝ ဦးတို့ကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်  နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတ သာသနာပြုကျောင်း၌ ကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ခုနစ်ဦးအား ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး ပရဟိတ သာသနာပြု ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သုဇနအား ဖူးမြော်၍ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 20 times Last modified on Wednesday, 17 May 2017 15:12