Tuesday, 16 May 2017 17:43

ကွတ်ခိုင်မြို့နယ် အတွင်း တရားမဝင် သစ်များ ဖမ်းဆီးရမိ

Written by 
Rate this item
(0 votes)

နေပြည်တော်   မေ   ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ နယ်အတွင်း နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကွတ်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့ အထွက်   အော်ရီယမ်တယ်လ် တိုးဂိတ်အနီး ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် မေ ၁၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် လားရှိုးမှ မူဆယ်သို့ ခိုင်မျိုး(ဘ) ဦးထွန်းထွန်း မောင်းနှင်ပြီး  မြင့်ကျော်ခိုင်(ဘ) ဦးထွန်းမြိုင် လိုက်ပါလာသော PROFIA  အမျိုးအစား ၂၂ ဘီးယာဉ်အမှတ်၊ 1H/----အား ရပ်တန့် စစ်ဆေးရာ  ယာဉ်ပေါ်တွင် တင်ဆောင်ထားသော တရားမဝင်ပိတောက် ဓားရွေတုံး ၂၇ တုံး(ခန့်မှန်း ၁ဝ တန်ခန့်)အား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်နှင့်သစ်များအား ကွတ်ခိုင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 21 times Last modified on Tuesday, 16 May 2017 17:45