Tuesday, 16 May 2017 16:33

ရွှေကျင်မြို့နယ်၊ စလူချောင်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော်   မေ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ စလူချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ

စန္ဒာသူရိယ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၆၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့်ရောဂါ ရှာဖွေစမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ   တပ်မတော် ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး  စီစဉ်ဆောင်ရွက်ပေး သည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး   စန္ဒာ သူရိယ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သီဟဓမ္မအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း   သတင်းရရှိသည်။                                   

 

Read 23 times Last modified on Tuesday, 16 May 2017 16:43