Tuesday, 16 May 2017 16:32

စစ်တွေမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Written by 
Rate this item
(0 votes)

နေပြည်တော်   မေ   ၁၅

ရခိုင်ပြည်နယ်၊  စစ်တွေမြို့နယ်၊ အောင် တိုင်ကျေးရွာ၊ ကျက်တောပြင်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ယနေ့တွင်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အောင်တိုင်ကျေးရွာ

ဘုန်းတော်ကြီးကျောင်း နှင့် ကျက်တောပြင်ကျေးရွာခန်းမတို့၌ ကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ အစာအိမ်ရောဂါ၊ အရိုး/အကြောရောဂါ၊  ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊  အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊  ဆီးနှင့် ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံပြည်သူ စုစုပေါင်း ၃၅၄ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ရောဂါ ရှာဖွေ စမ်းသပ် ကုသပေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား စစ်တွေ မြို့ရှိ    တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက် ပေးနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့် အဖွဲ့ဝင် များက    သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။       

Read 18 times Last modified on Tuesday, 16 May 2017 16:33