Tuesday, 16 May 2017 16:30

တစ်ဆင့်မြင့် မြန်မာ့ သိုင်းသင်တန်း ဖွင့်လှစ်

Written by 
Rate this item
(0 votes)

နေပြည်တော်   မေ   ၁၅

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ  ဖွင့်လှစ်သည့် တစ်ဆင့်မြင့်မြန်မာ့သိုင်းသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇)ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် မြိတ်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်လင်းအောင် နှင့် အရာရှိ၊

စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများတက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

အဆိုပါသင်တန်းကို သင်တန်းသားများ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး၊ ကိုယ်ခံပညာ များတတ်မြောက်စေရေးနှင့် တိုင်းချစ်ပြည်ချစ် စိတ်များ နိုးကြားထက်သန်ပြီး စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပိုမိုမြင့်မားစေရေးအတွက် ရည်ရွယ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အခြေခံသင်တန်းမှ နည်းပြအဆင့်မီသော သင်တန်းသား ၉၈ ဦးဖြင့် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Tuesday, 16 May 2017 16:31

Related items