Monday, 15 May 2017 16:38

ဗန်းမော်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

Written by 
Rate this item
(0 votes)

ဗန်းမော်  မေ  ၁၄

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးခင်မောင်ညွန့်(ငြိမ်း)က အမှာစကား ပြောကြားပြီး မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးဖိုးချို(ငြိမ်း)က စစ်မှုထမ်းဟောင်း အဖွဲ့၏ လုပ်ငန်းကြီးငါးရပ်ဆိုင်ရာ နှစ်ပတ် လည်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး အဆိုတင်သွင်းရာအဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်(ငြိမ်း)က ထောက်ခံဆွေးနွေး ကြသည်။ ဆက်လက်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှ စ်ငွေကြေးဆိုင်ရာအစီရင်ခံစာအပေါ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူး အရာခံဗိုလ်မြင့်မောင်က ဖတ်ကြားရှင်းလင်းပြီးအဆိုတင်သွင်းရာ တပ်ကြပ်ကြီးခင်ဇော်(ငြိမ်း)က ထောက်ခံဆွေးနွေး သည်။

ထို့နောက်တက်ရောက်လာကြသူများက အဖွဲ့၏နှစ်ပတ်လည် အစီရင်ခံစာနှင့် မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှု ဆောင်အဖွဲ့ဝင်အသစ် အမည်စာရင်းများကို သဘောတူကြောင်း ဆုံးဖြတ်ကြသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်ချမှတ်ချက်များကို ဖတ်ကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားကြောင်းသိရသည်။

Read 22 times