Sunday, 14 May 2017 21:16

မြစ်ကြီးနားမြို့၊ လောကအေးချမ်း စေတီတော် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲပြုလုပ်

Written by 
Rate this item
(0 votes)

နေပြည်တော်  မေ  ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် ကျောင်းတိုက်၌   တည်ထားကိုးကွယ်သည့် လောကအေးချမ်း စေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာ ကျောင်းတိုက်ဆရာတော် မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော သံဃာတော်များ  ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေနှင့် အဖွဲ့ဝင်များ၊  အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်နန်းရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြကာ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော် များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာရထားပျံဖြင့်  စေတီတော်အထက်သို့ ပင့်ဆောင်၍   စေတီတော်အထွတ်တွင် တပ်ဆင်ပူဇော်ခဲ့ကြကြောင်း   သတင်းရရှိသည်။

Read 17 times Last modified on Sunday, 14 May 2017 21:18