Friday, 21 April 2017 17:11

ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များအား တွေ့ဆုံ

Written by 
Rate this item
(0 votes)

နေပြည်တော်    ဧပြီ     ၂ဝ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဘောကထကျေးရွာ သီရိဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များ နှင့်ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ေ ဆးကုသရေးအဖွဲ့က ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် သံဃာတော် သုံးပါးနှင့် ဒေသခံပြည်သူ ၇၄ ဦးအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ေ ရာက်ကုသရန် လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောက်ကြီးမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည် သူ့စစ်အဖွဲ့ဝင်များအား နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 49 times Last modified on Friday, 21 April 2017 17:14