Friday, 21 April 2017 17:06

ဒေသခံ ပြည်သူများ၏ စားရေး အထောက်အကူ ဖြစ်စေရန် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများအား ဆက်လက် ရောင်းချ

Written by 
Rate this item
(0 votes)

နေပြည်တော်   ဧပြီ   ၂ဝ

ဒေသခံပြည်သူလူထု၏ စားရေးတွင်အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအား တစ်ဖက်တစ်လမ်း မှလျှော့ချပေးနိုင်ရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုးေ မွးမြူရေးခြံများမှ ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများဖြင့်ချက်ပြုတ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို ဒေသခံပြည်သူများ အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့  တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရောင်းချပေးလျက်ရှိရာ ယနေ့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဈေးနှင့် ရေအေး ကွင်းရပ်ကွက်၊ အမှတ်(၅) ဈေး၊ ညောင်ရွှေမြို့၊ပုလဲရပ်ကွက်၊ ရပ်စောက်မြို့၊ ဈေးတန်းရပ်ကွက်၊ ရပ်စောက်ဈေး၊ အောင်ပန်းမြို့၊ ညောင်ပင် ထောင်ရပ်ကွက်၊ ပြည်သာယာဈေး၊ လွိုင်ကော်မြို့၊ လောတမရပ် ကွက်၊ သီရိမင်္ဂလာဈေးတို့၌ လည်းကောင်း၊ အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခိုလမ်မြို့ဈေးအနီး၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် မော်လမြိုင် မြို့၊ ကမ်းနားလမ်းနှင့် မောင် ငံဈေးအနီး၊ ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက် ဘုရားကြီးအနီး၊ ဘီးလင်းမြို့၊ ဘိုးရာ ဇာရပ်ကွက်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာနှင့် ခရေပင်လမ်းခွဲအနီး၊ မြောက် ဒဂုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လေးေ ထာင့်ကန်စစ်မှုထမ်းဟောင်း ကျေးရွာ၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေးရှေ့၊ မှော်ဘီမြို့နယ်၊ တပ်နယ်အခွန်လွတ်ဈေး၊ တိုက်ကြီးမြို့နယ်၊ ဖောင်ကြီး လမ်းဆုံ၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မဈေး၊ သန် လျင်မြို့နယ်၊ အောင်ချမ်းသာအမှတ်(၁)ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်၊ မေယုဈေးအနီးတို့၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့၊ အမှတ်(၄) ရပ် ကွက်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်းနှင့် ပုသိမ်ကမ်းနားလမ်းရှိ ကျောက်ငူစက်လှေဆိပ်တို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ကျောက်တော်မြို့၊ ကျောက်တော်တောင်ဘုရား တောင်ခြေ၊ တောင် ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ   ညဈေးတန်းရှေ့တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် စစ်ကိုင်း မြို့၊ နန္ဒဝန်ရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီး၊ အရာတော်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီးတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး(၃)၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေေ ထွရောဂါကု ဆေးရုံကြီး၊ ရေတာရှည်မြို့ဈေးရှေ့၊ အုတ်တွင်းမြို့၊ ရေ လျှံကျေးရွာ၊  ဒိုက်ဦးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာ၊  ပိန်းဇလုပ်မြို့ဈေးရှေ့၊ ပဲခူးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးရှေ့၊  သာယာကုန်းေ ဈးရှေ့၊ အင်းတကော်မြို့ တာဆုံ၊ မင်းလှမြို့မဈေးနှင့် လှည်းလမ်းကူးကျေးရွာ၊ ပြည်မြို့၊ ပြည်သူ့ဆေးရုံ ကြီးရှေ့နှင့် ကုတင်(၅)ဆင့်ကျေးရွာ ၊ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနှင့် ကျားခြေေ ကျးရွာတို့တွင် လည်းကောင်း ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Friday, 21 April 2017 17:10