Friday, 21 April 2017 17:00

စုပေါင်း ရဟန်းခံ/ ရှင်ပြု အလှူတော် မင်္ဂလာ ပြုလုပ်

Written by 
Rate this item
(0 votes)

နေပြည်တော်   ဧပြီ   ၂ဝ

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနား တပ်နယ်၏  စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် အောင်ဇေရန်အောင် အောင်သပြေ တစ်ထောင်တပ်ဦးကျောင်း၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလဝံသ အမှူးပြုသော သံဃာတော် အရှင်သူမြတ် များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်ဧည့်ပရိသတ်များက သံဃာတော်များအား သိမ်ဆင်းလောင်းလှူကြပြီး အောင်နန်းရိပ်သာကျောင်း တိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ရှစ်ပါးသီလခံယူဆောက် တည်ကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အလှူတော် မင်္ဂလာ ပထမနေ့အဖြစ် ဧပြီ၁၈ ရက်နံနက်ပိုင်းတွင် ရဟန်း/ရှင်သာမဏေလောင်းများသည် အောင်ဇေရန် အောင်စေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုကြပြီး အဆိုပါကျောင်းတိုက်၌ ဘိသိက်မင်္ဂလာပြုခြင်း၊ ငါးပါးသီ လခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်း၊ ဆံချခြင်း၊ ပဗ္ဗဇ္ဇအမွေရဟန်းနှင့် ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာတွင် ရဟန်း/ရှင်သာမဏေလောင်း ၁၂၂ ပါးအား သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Friday, 21 April 2017 17:03

Related items