Friday, 21 April 2017 16:52

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံး၊ နှစ်ဦး မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ   ၂ဝ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်နေ ဒေါ်အလေးမိနှင့် ၎င်း၏သမီးသုံးဦးတို့သည် ဧပြီ ၁၉ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မံစီမြို့၏ အရှေ့မြောက်ဘက်မီတာ ၂ဝဝဝ ခန့်အကွာ၌ တောင် ယာလုပ်ကိုင်နေစဉ် KIA အကြမ်း ဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံးအား သမီးဖြစ်သူ မထုတောင်မှ နင်းမိပေါက်ကွဲသဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မထုတောင်(ဘ) ဦးဘ ရန်နန်မှာ နေရာတွင်ပင်သေဆုံးခဲ့ကာ မဂျီးပန်နှင့် မဂျာဆိုင်းပန်တို့ တွင်လည်း မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာများအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူစေလျက်ရှိပြီး နယ်မြေခံတပ်မှ တပ်မတော်သားများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားကာ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများ ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 45 times Last modified on Friday, 21 April 2017 16:55