Friday, 21 April 2017 16:49

ကွန်ဟိန်းမြို့နယ် အတွင်း တရားမဝင် သစ်များ သိမ်းဆည်း ရမိ

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ   ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်းမွန်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာသို့အရောက်၌ ရပ်တန့်ထားသော နစ်ဆန်း အမျိုး အစား ၁၂ ဘီးယာဉ်အမှတ်၊ 7J/----နှင့် ယာဉ်ပေါ်တွင်တင်ဆောင်ထားသော တရားမဝင်ပိတောက်စကွဲယား    (ခန့် မှန်း ၁၆ တန်ခန့်)အား  ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိယာဉ်နှင့် တရားမဝင်သစ်များအား မိုင်းနောင်မြို့ သစ်တောဦးစီးဌာနနှင့် မိုင်းနောင်နယ်မြေ ရဲစ ခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 24 times Last modified on Friday, 21 April 2017 16:52