Saturday, 13 May 2017 16:40

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းများ တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ နှစ်ဦး ဒဏ်ရာရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် မေ ၁၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ ကက်သလစ်တိုက်ပွဲရှောင်စခန်းနေ ဒေါ်ခွန်ပန်သည် မေ ၁၁ ရက် နံနက် ၉ နာရီခန့်တွင်

မန်ဝိန်းကြီးကျေးရွာမှ ဘန်ဂေါကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ကောင်းမုယန်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာသို့အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးကို ဆိုင်ကယ်ဖြင့် တိုက်မိပေါက်ကွဲပြီး ဒေါ်ခွန်ပန်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ နံနက် ၁၁ နာရီခန့်တွင် မန်ဝိန်းကြီးကျေးရွာ၊ အမှတ်(၆)ရပ်ကွက်နေ ဦးသိန်းစိုးနိုင်နှင့် ဦးလှမျိုးအောင်တို့သည် တောင်ယာလုပ်ရန် သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ ဦးသိန်းစိုးနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာများအား နမ့်ခမ်းမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်း ရရှိ သည်။

 

Read 26 times Last modified on Saturday, 13 May 2017 16:44

Related items