Monday, 08 May 2017 01:37

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည့် နေရာ အနီး၌ ဒုံးသီး ၁ လုံးအား တွေ့ရှိ ရကြောင်း ဒေသခံ ပြည်သူများ၏ လာရောက် သတင်းပို့ချက် ရရှိသဖြင့် တပ်မတော်မှ သွားရောက် ရှင်းလင်း

Written by 
Rate this item
(0 votes)

နေပြည်တော် ၊ မေ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် ၁ လုံးပေါ်သို့ မေ ၅ ရက် ည ၁၀ နာရီခန့်တွင် ပန်ထိုလင်ကျေးရွာ တစ်ဝိုက်မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ပစ်ခတ်ခဲ့သည့် ဗုံးသီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူ ၃ ဦး ဗုံးစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ယနေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

ဖြစ်စဉ် ဖြစ်ပွားသည့် နေရာအနီးတွင် ဒုံးသီးတစ်လုံးအား တွေ့ရှိရကြောင်း မေ ၆ ရက် ည ၉ နာရီခွဲခန့်တွင် ဒေသခံ ပြည်သူများ၏ လာရောက် သတင်းပို့ချက်အရ တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းရာ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေအိမ်၏ တောင်ဘက် ပေ ၅၀ ခန့် အကွာ တောစပ်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ပစ်ခတ်ခဲ့သည့် အာပီဂျီ ဒုံးသီး ၁ လုံး(မကွဲ) အား တွေ့ရှိခဲ့သည်။

၎င်းဒုံးသီးအား စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန် ရှိသူများက ဒေသခံ ပြည်သူများ အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ ရှင်းလင်း၍ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။

Read 73 times Last modified on Monday, 08 May 2017 01:53

Related items