Monday, 24 April 2017 16:02

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် ဧပြီ ၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့၊ အမှတ်(၄) ရပ်ကွက်နေ ဒေါ်သင်းသင်းထွေး (ဘ) ဦးတင်ငွေသည် ဧပြီ ၂၂ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် မြို့လှမြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ခန့်အကွာသို့ အဖော်ငါးဦးနှင့် အတူ ဟင်းပျဉ်းသီး သွားရောက်ရှာဖွေစဉ် KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့်

ဒေါ်သင်းသင်းထွေးတွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့ပြီး ရွှေကူပြည်သူ့ ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တပ်မတော်သားများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 163 times Last modified on Monday, 24 April 2017 17:16

Related items