Thursday, 20 April 2017 01:58

မောင်တောမြို့နယ်တွင် ဓားပြအဖွဲ့၏ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ဒဏ်ရာရ

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ  ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာ၌ ယမန်နေ့ညပိုင်းက ဓားပြအဖွဲ့အား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးစဉ် ဓားပြအဖွဲ့၏ သေနတ်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ   သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် သဝန် ချောင်းကျေးရွာ  လမ်းခွဆုံရှိ  အာမန့်၏ နေအိမ်အနောက်ဘက်သို့ ယမန်နေ့  ည ၉  နာရီခန့်က  အဒူလာကိန်းဟု ယူဆရသူ အပါအဝင်   လေးဦးပါ ဓားပြအဖွဲ့သည် သေနတ်အတိုနှစ်လက်ဖြင့် ရောက်ရှိခဲ့ရာ ရွာသားများက ဖမ်းဆီးရန် ဝိုင်းဝန်းစဉ် ၎င်းအဖွဲ့မှ သေနတ်သုံးချက် ပစ်ဖောက်ပြီး ရွာ၏အနောက်ဘက်နှင့် မြောက်ဘက်သို့ လူစုခွဲ ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ သေနတ် ပစ်ခတ်မှုကြောင့် ကျေးရွာသားတစ်ဦးဖြစ်သူ ဟာမိတ် ၃ဝ နှစ်မှာ ယာပေါင်တွင် ကျည်ထိမှန်ဖောက်ထွက် (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာသို့ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိပြီး ပိတ်ဆို့ရှင်းလင်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 152 times Last modified on Thursday, 20 April 2017 02:02

Related items