Friday, 07 April 2017 15:47

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိ ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် ဧပြီ ၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ တောင် အင်းကျေးရွာနေ ဦးဝင်းဌေးနှင့် ဦးကျော်ဦး တို့သည် ဧပြီ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ထင်းခွေရန် သွားရောက်စဉ် တောင်အင်းကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ ဦးဝင်းဌေးသည် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါမိုင်းထိ လူနာအား မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိရာ နယ်မြေခံတပ်မှ တပ်မတော်သား များက သွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။

Read 209 times Last modified on Friday, 07 April 2017 15:53

Latest from ရွှေကူ

Related items