Friday, 31 March 2017 16:07

KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်သုံးဦး ဥပဒေဘောင်အတွင်း ဝင်ရောက်

Written by 
Rate this item
(0 votes)

နေပြည်တော်   မတ်   ၃ဝ

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်သုံးဦးဖြစ်သော

ဒုတိယတပ်ကြပ် အဆင့်ရှိ တိန့်ယိန်း၊ တပ်သားအဆင့်ရှိ ဂဒိုး ဆင်ဝါးနှင့် အင်ဂျန်းနော်ဂျာတို့ သုံးဦးသည်  မတ် ၂၃ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်၊ လုပီကျေးရွာ အနီး နယ်မြေ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းသို့ လာရောက်၍ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့သည်။ တိန့်ယိန်း၏ ပြောကြားချက်အရ ၎င်းကိုင်ဆောင်သည့် သေနတ်အား လုပီကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ခွဲခန့်အကွာ၌ ဝှက်ထားကြောင်း သိရှိရသဖြင့် တပ်မတော်စစ်ကြောင်း မှ သွားရောက်ရှာဖွေရာ အမ်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည်အိမ တစ်ခု၊ ၎င်းကျည် ရှစ်တောင့်နှင့် လွယ်ကြိုးတစ်ချောင်းတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သူသုံးဦး တို့သည် KIA အကြမ်းဖက် သောင်းကျန်းသူ များ ၏ အကြမ်းဖက် လုပ်ရပ်များကို ရွံမုန်းလာခြင်း၊ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များသည် ဒေသခံ တိုင်းရင်းသား ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများ ကျရောက်နေသည့် အဖြစ်မှန်ကို သိရှိလာခြင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ သဘောထားအမှန်ကို  သိရှိ နားလည်လာ ခြင်း၊  နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒပြင်းပြလာခြင်းတို့ကြောင့် လုပီကျေးရွာ၏ အရှေ့ ဘက် ၅ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ လက်အောက်ခံ စခန်းမှ ထွက်ပြေးလာခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 240 times Last modified on Thursday, 06 April 2017 19:20