Thursday, 16 March 2017 15:37

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ နှောင့်ယှက် ပစ်ခတ်မှုကြောင့် မော်ထိုက်မြို့အတွင်းရှိ စာသင် ကျောင်း နှင့်ရဲစခန်း အဆောက်အအုံတချို့ လက်နက်ကြီးစများ ထိမှန်ပျက်စီး

Written by 
Rate this item
(0 votes)

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏  နှောင့်ယှက် ပစ်ခတ်မှုကြောင့် မော်ထိုက်မြို့အတွင်းရှိ စာသင် ကျောင်း နှင့်ရဲစခန်း အဆောက်အအုံတချို့ လက်နက်ကြီးစများ ထိမှန်ပျက်စီး

နေပြည်တော် မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ မော်ထိုက်မြို့ အတွင်းရှိ တပ်မတော်စခန်းနှင့် ဝန်းကျင်တစ်ဝိုက်သို့  ယနေ့ နံနက် ၁ဝ နာရီ မိနစ်၂ဝ မှ ၁၁ နာရီ ၄၅ မိနစ်အထိ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ရသည်။

အကြမ်းဖက် သောင်းကျန်းသူများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု များကြောင့်  မော်ထိုက်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း  စာသင်ခန်း များနှင့် မော်ထိုက်မြို့နယ် ရဲစခန်းရှိ အဆောက်အအုံ တချို့ ထိခိုက် ပျက်စီး ခဲ့ကြောင်း သတင်းရရှိသည်။    

Read 574 times Last modified on Thursday, 16 March 2017 15:41