Saturday, 11 March 2017 09:25

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အပြစ်မဲ့ ပြည်သူ တစ်ဦးအား အကြောင်းမဲ့ ပစ်ခတ်

Written by 
Rate this item
(0 votes)
နယ်မြေခံတပ်မှ တာဝန်ရှိသူများက ဆေးကုသမှု ခံယူနေသော ဒေါ်အေးကွယ်အား ကြည့်ရှု အားပေးစဉ် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ဆေးကုသမှု ခံယူနေသော ဒေါ်အေးကွယ်အား ကြည့်ရှု အားပေးစဉ်

နေပြည်တော်  မတ်  ၁ဝ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့၏ မြောက်ဘက် မီတာ ၅ဝဝဝ ခန့် အကွာရှိ အာရမ်း ကျေးရွာတွင် နေထိုင်သည့်

ဒေါ်အေးကွယ် (ဘ) ဦးအိုက်ပုသည် မတ် ၉ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် တောင်ယာ လုပ်ကိုင်ရာမှ ပြန်လာစဉ် ကျေးရွာ၏ တောင်ဘက်အဝင်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အကြောင်းမဲ့ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘယ်လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် နမ့်ဆန် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူ များက သွားရောက် ကြည့်ရှု အားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 283 times Last modified on Saturday, 11 March 2017 09:27

Latest from ရွှေတည်

Related items