Saturday, 11 March 2017 09:21

မောင်တောမြို့နယ်၌ RSO အဖွဲ့ဝင် တစ်ဦး ဖမ်းဆီး ရမိ

Written by 
Rate this item
(0 votes)

နေပြည်တော်   မတ်   ၁ဝ

မောင်တောမြို့နယ် ဆင်သေပြင် အနောက်ရွာ၌ မတ် ၆ ရက် ညနေပိုင်းက ကျီးကန်းပြင် အကြမ်းဖက်မှု ဖြစ်စဉ်တွင်

ပါဝင်တိုက်ခိုက်ခဲ့သော RSO အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ဆင်သေပြင်အနောက်ရွာ ဗလီရှေ့ရွာလယ်လမ်း၌  မတ် ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မောင်စိုး(ခ)ရှောင်ရှူး အာလောင်ထံမှ အရိုးအသွား၉ လက်မခန့်ရှိ ခေါက်ဓား တစ်ချောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကတ်ပါ လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။

၎င်းအား စစ်ဆေးချက်အရ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ကျီးကန်းပြင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် တိုက်ခိုက်ခဲ့သော RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် Aqu Mul Mujahidin သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Read 354 times Last modified on Saturday, 11 March 2017 09:24

Latest from ရွှေတည်

Related items