Friday, 10 March 2017 11:05

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အမာခံသတင်းပေး တစ်ဦး ဖမ်းဆီးရမိ

Written by 
Rate this item
(0 votes)

နေပြည်တော်   မတ်   ၉

ရှမ်းပြည်နယ်   အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊  ဟိုကျန့်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခမ်းရီ ၏နေအိမ်၌  မတ် ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ရွာသားများအား ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်နေကြောင်း  သတင်းအရ တပ်မတော် စစ်ကြောင်းက   သွားရောက် ရှင်းလင်းရာ   မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးစဉ် ထွက်ပြေးသွားခဲ့သဖြင့် ရပ်တန့်ရန်  အော်ဟစ်သတိပေး တားမြစ်ခဲ့သော်လည်း ဆက်လက်ထွက်ပြေး သွားခြင်းကြောင့် လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။

အဆိုပါဖမ်းဆီးရမိသူမှာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အမာခံ သတင်းပေးတစ်ဦးဖြစ်ပြီး ၎င်းထံမှ TYTအမျိုးအစား လမ်းလျှောက်စကားပြောစက် တစ်လုံးကို   တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

၎င်းမှာ  တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်သတင်း ရယူရန်အတွက်  ကျေးရွာအတွင်း  လာရောက် သတင်းရယူနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသူမှာ လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ကွတ်ခိုင်မြို့ရှိ တပ်မတော် ဆေးရုံသို့  ပို့ဆောင်ဆေး ကုသမှု ခံယူစေလျက် ရှိကြောင်း သတင်းရရှိသည်။

Read 336 times Last modified on Friday, 10 March 2017 11:09

Related items