Saturday, 04 March 2017 09:21

မိုးမိတ်မြို့နယ်အတွင်း တရားမဝင် ကျွန်း သစ်ခွဲသားများ သိမ်းဆည်း ရမိ

Written by 
Rate this item
(0 votes)

နေပြည်တော် မတ် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ နားယုံကျေးရွာအနီး တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မတ် ၁ ရက် နံနက် ၉ နာရီခွဲခန့်တွင်

နားယုံကျေးရွာ၏ အနောက် တောင်ဘက် ၂ မိုင်ခန့်အကွာနှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်၌ တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၇၆ တုံး (ခန့်မှန်း ၄ တန်ခန့်)ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ သစ်များအား မိုးမိတ်မြို့နယ်၊ သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 165 times Last modified on Saturday, 04 March 2017 09:24

Related items