Friday, 24 February 2017 09:30

အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းဟောင်း တစ်လုံး တိုက်မိ ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာနေ မောင်အိုက်ထွန်း၊ မောင်ဆမ်မတ်နှင့် မောင်အိုက်ကြည်တို့ သုံးဦးသည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ကြံစိုက်ခင်း၌ ကြံခုတ်စဉ် အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းဟောင်း တစ်လုံးအား တိုက်မိပေါက်ကွဲ ခဲ့သဖြင့် ၎င်းတို့ သုံးဦးစလုံးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိ လူနာများအား မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 194 times Last modified on Friday, 24 February 2017 11:49

Related items