Wednesday, 22 February 2017 09:56

မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲသဖြင့် ဒေသခံ ပြည်သူတစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်ခွန်ကျေးရွာ အုပ်စု၊ လွယ်ပျက်ကျေးရွာမှ ကွင်းစလန် ကျေးရွာအုပ်စု၊ ပင်လုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင်

ယာဉ်မောင်း ဇော်မြင့်ဦး၊ လမိုင်နှင့် စိုးမိန်ဝင်းလေးတို့ မောင်းနှင်၍ ယာဉ်နောက်လိုက် အိုက်စိုင်း လိုက်ပါလာသည့် ထော်လာဂျီသုံးစီးဖြင့် သဲပို့ရန် သွားရောက်စဉ် ကျောက်ဖြူကျေးရွာအနီးသို့ အရောက်၌ လမိုင်မောင်းနှင် လာသည့် ထော်လာဂျီမှ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ ခဲ့သဖြင့် လမိုင်မှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် အိုက်စိုင်းမှာ ဦးခေါင်းသို့ မိုင်းစထိမှန် မှုကြောင့် ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့သည်။ ဒဏ်ရာရရှိသူအား ကျောက်မဲမြို့ရှိ ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက် ကုသမှု ခံယူစေလျက် ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 200 times Last modified on Wednesday, 22 February 2017 11:07

Related items