Thursday, 02 February 2017 10:23

မိုးညှင်းမြို့နယ် အတွင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရန် စီစဉ်ထားသော မိုင်းတစ်လုံးတွေ့ရှိ

Written by 
Rate this item
(0 votes)

နေပြည်တော် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့် မော်ဟန်မြို့သို့သွားသည့် ၁ဝ မိုင်ရွာသစ်နှင့် မော်ဟန်မြို့ကြား၌ မိုင်းတစ်လုံးတွေ့ ရှိကြောင်း သတင်းအရ ဇန်နဝါရီ ၃၁ ရက် ညနေ ၅နာရီခန့်တွင်

တပ်မတော်သားများက  သွားရောက် ရှင်းလင်းရာ  မိုင်းမှာ စစ်ကျန်ဗုံးသီးဖြစ်ပြီး ဝါယာကြိုးဖြင့် ဆက်သွယ်ကာ ကတ်နှစ်ခုဖြင့် ရှော့ခ်တိုက်၍ လည်းကောင်း၊ ကြားတွင် ကတ်တစ် ခုခံ၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရန် အတွက်လည်းကောင်း စီစဉ်ထားသော မိုင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး  အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေး  သက်မဲ့ပြုလုပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။                                         

Read 134 times Last modified on Thursday, 02 February 2017 10:31

Related items