Tuesday, 26 July 2016 11:17

မြင်းမူမြို့၌ ဗုံးသီးဟောင်း ၁၈ လုံးတွေ့ရှိ

Written by 
Rate this item
(0 votes)

နေပြည်တော်   ဇူလိုင်   ၂၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်၊ ရှင်ပင်မင်း သတ္တဘုရားသွားသည့် မြေသားလမ်း အနီး၌ ဦးအောင်မင်းသည် ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် လမ်းပြုပြင်ရန် မြေတူးရာမှ ဗုံးသီးဟောင်း ၁၈ လုံး တွေ့ရှိကြောင်း

သတင်းပို့သဖြင့် နယ်မြေခံ အင်ဂျင်နီယာ တပ်ရင်းမှ သွားရောက် စစ်ဆေးရာ လုံးပတ် ၅ ဒသမ ၅ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ပလတ်စတစ် အဖုံးပါ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် မီးခိုးဗုံးများ ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ဗုံးသီးဟောင်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျ ဖောက်ခွဲ ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်

 

 

 

Read 1074 times Last modified on Tuesday, 26 July 2016 11:18

Latest from ရွှေတည်