Friday, 21 April 2017 19:56

ငဝန်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် ၃ဝ ဦးသေဆုံးခဲ့သည့် စစ်ဆေးတွေ့ရှိချက်ကို တိုင်းအစိုးရထံ တင်ပြ

Written by 
Rate this item
(0 votes)

ပုသိမ်    ဧပြီ    ၂ဝ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီး ငဝန်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် ၃ဝ ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

 ဧပြီ ၇ ရက်က ဖြစ်ပွားခဲ့သည့် နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ငွေကြယ်ပွင့်စက်လှေတို့ တိုက်မိမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်  ဆိပ်ကမ်း အရာရှိ  ဦးကိုကိုနိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သင်္ဘောမောင်းသူနှင့် သင်္ဘောသားများ၊ စက်လှေပေါ်တွင် လိုက် ပါလာပြီး အသက်ရှင်လွတ်မြောက်ခဲ့သူ စုစုပေါင်း ၁၄ ဦးကို ဧပြီ ၁ဝ ရက်မှ ၁၃ ရက်အထိ သွားရောက်တွေ့ဆုံ စစ် ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

''ဖြစ်စဉ်ကတော့ မတော်တဆဖြစ်တာဆိုပေမယ့် နောက်ထပ်ဒီလိုအဖြစ်မျိုးနဲ့ မကြုံရအောင် ကြိုတင်ကာကွယ်ဖို့ ပြည် သူလူထုကိုအသိပေးသွားမှာပါ။ နောက်ပြီး စက်လှေ၊ တွဲသင်္ဘောတွေမှာ လုပ်ဆောင် ရမယ့်အချက်တွေ ပြည့်စုံအောင် ဆောင်ရွက်သွားဖို့အတွက် ကျန်တဲ့ဌာနတွေကလည်း ပူးပေါင်းပါဝင်ဖို့ အကြံပြုတင်ပြထားပါတယ်''ဟု စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

ပုသိမ်မြို့ ဥမ္မာဒန္တီတံတားအနီး ငဝန်မြစ်အတွင်း မင်္ဂလာဆောင်တစ်ခုမှ ပြန်လာသည့် ခရီးသည်များ တင်ဆောင်လာ သော ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင်ကျောက်တင်သင်္ဘောတို့ ဧပြီ ၇ ရက် ည ၇ နာရီခန့်တွင် တိုက်မိခဲ့သဖြင့် စက်လှေမောင်းတစ်ဦး အပါအဝင် စုစုပေါင်း ၃ဝ ဦးသေဆုံးခဲ့ကာ စက်လှေပေါ်ပါသူ ၃ဝ ဦး အသက်ရှင်ခဲ့ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းထုတ်ပြန်ချက်အရ သိရသည်။

ရေယာဉ်တိုက်မှုနှင့် ပတ်သက်၍ နဒီရွှေစင် ကျောက်တင်သင်္ဘောမောင်းသူ ဦးအောင်နှင့် ငွေကြယ်ပွင့်စက်လှေမောင်း သူ ဦးသီဟအောင်တို့ကို ပုသိမ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၈ဝ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားကာ ငွေကြယ်ပွင့်စက်လှေမောင်းနှင်ရာတွင် ပါဝင်သည့် လင်းထိုက်ဆိုသူမှာ ရေနစ်သေ ဆုံးပြီး အလောင်းပြန်လည်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Read 31 times Last modified on Friday, 21 April 2017 19:57