Friday, 21 April 2017 19:41

ကျေးရွာ စာကြည့်တိုက် ၇ နှစ်ပြည့် အထိမ်းအမှတ် အဆောက်အအုံသစ် ဖွင့်ပွဲ ကျင်းပ

Written by 
Rate this item
(0 votes)

ကော့သောင်း   ဧပြီ   ၂ဝ

ကျေးရွာစာကြည့်တိုက် ၇ နှစ်ပြည့် အထိမ်းအမှတ် အဆောက်အအုံသစ်  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာစံပြကျေးရွာရှိ ဘဝမီး အိမ် ကျေးရွာစာကြည့်တိုက် အ ဆောက်အအုံ၌ ကျင်းပသည်။

ရှေးဦးစွာ ဘဝမီးအိမ်စာကြည့်တိုက် အဆောက်အအုံသစ်အား ရွာဦးအောင်မင်္ဂလာ ကျောင်းတိုက်ဆရာတော် ဦးအာစ ရ၊ ကျေးရွာပရဟိတအသင်းမှ ဒေါ်အုန်းမြနှင့် ဦးသိန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ထို့နောက်ဖွင့်ပွဲ အခမ်းအနားတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးကျော်သက်ဦးက ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာရေး ပြန်ြ ကားရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝှမ်း ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျေးရွာစာကြည့်တိုက် ထူထောင်မွေးဖွားခြင်း ၇ နှစ်ပြည့်အဖြစ် ရွာဦးကျောင်းဆရာတော်နှင့် သံဃာ တော်များက ကျေးရွာပြည်သူများ၏ စာပေချစ်မြတ်နိုးစိတ်ဖြင့် အဆင့်မြှင့်တင် ဆောက်လုပ် လှူဒါန်းခဲ့ကြသည့် စာ ကြည့်တိုက် အဆောက်အအုံသစ်အတွင်း ပရိတ်တရားတော်များ ချီးမြှင့်သည်။

အဆိုပါကျေးရွာစာကြည့်တိုက်အား စာပေချစ်မြတ်နိုးသည့်ကျေးရွာပြည်သူများ စုပေါင်းကာ ၂ဝ၁ဝ ပြည့်နှစ်ကတည်း က မြေစိုက်ထရံကာ၊ ဓနိမိုးအဆောက်အအုံငယ်ဖြင့် စတင်ဖွင့်လှစ်ထူထောင်ခဲ့ကြရာမှ ယခုအခါငွေကျပ် သိန်း ၁၇ဝ ကျော်အကုန်အကျခံ၍(၄၅ ပေx၁၈ ပေ)အာစီကွန်ကရစ်တိုင်၊ အုတ်ကာသွပ်မိုးအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ် ပြီးစီး ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းစာကြည့်တိုက်အတွက် ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သုတရသစာအုပ်စာပေများ၊ စာကြည့်တိုက်ထိန်းသိမ်းနည်း ပညာများအား ပံ့ပိုးဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Read 42 times Last modified on Friday, 21 April 2017 19:43