Friday, 21 April 2017 19:37

စတုတ္ထ အကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်

Written by 
Rate this item
(0 votes)

တနင်္သာရီ  ဧပြီ  ၂ဝ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌   စတုတ္ထ အကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ထို့နောက်မြိတ်မြို့ ကောလိပ်ကုက္ကိုလ် ပရိ ယတ္တိစာသင်တိုက်မှ ဒုတိယနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝံသက သြဝါဒများချီးမြှင့်ပြီး သင်တန်းမှူးဆရာတော် အ ရှင်ခေမိန္ဒအား သင်တန်းအပ် နှင်းခြင်းများဆောင်ရွက်သည်။ ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်များက အလှူ ငွေများနှင့် သင်တန်းသား၊ သင်တန်းသူများ အတွက် ဗလာ စာအုပ် ဒါဇင် ၁၅ဝ တို့ကိုလှူဒါန်းသည်။

အခမ်းအနားတွင် အရှေ့မော်တုန်းကျေး ရွာမှဆရာတော် သံဃာတော်များ၊ မြိတ်မြို့ကောလိပ်ကုက္ကိုလ် ပရိယတ္တိ စာသင်တိုက်မှ ဒုတိယနာယကဆရာတော်နှင့် မြိတ်မြို့၊တနင်္သာရီမြို့၊ ကျွန်းစုမြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ် များ၊ ရပ်မိရပ်ဖများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။

 

Read 29 times Last modified on Friday, 21 April 2017 19:38