Friday, 21 April 2017 19:34

တောင်ကြီးမြို့၌ အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်မည်

Written by 
Rate this item
(0 votes)

တောင်ကြီး  ဧပြီ  ၂ဝ

ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ် မည့်အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ဧပြီ ၂၅ ရက် နံနက် ၉နာရီတွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် အမျိုးသမီးရေးရာရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ စီမံရေးရာဌာနမှူး ဒေါ်နန်း ဗိုခမ်း၊ ဦးကုဏ စသည့်နည်းပြ ဆရာများက အရေး၊အဖတ်၊ အပြော၊ သဒ္ဒါ စသည့် ဘာသာရပ်များ ကို မေ ၂၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်း တည့် ၁၂ နာရီအထိ  စာတွေ့၊ လက်တွေ့  သင်ကြား သွားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Read 35 times