Friday, 21 April 2017 19:32

ဆိပ်ဖြူ မြို့နယ်တွင် LED မီးများ တပ်ဆင်ပေး

Written by 
Rate this item
(0 votes)

ဆိပ်ဖြူ   ဧပြီ   ၂ဝ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုထောက်ပံ့ငွေ ၂၅၅ ဒသမ ၆၄ သိန်းဖြင့် ရပ်ကွက်ရှိလမ်းများတွင် 84 W LED မီးများကို ဧပြီဒုတိယပတ်တွင် တပ်ဆင်ပေးသည်။ ထိုသို့တပ်ဆင်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဆန်းအောင်၊ ဒေါ်သက်မွန်အေးတို့က ကြီးကြပ်၍ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဦးစန်းဦးနှင့် ဝန် ထမ်းများက ဆောင်ရွက်ပေးသည်။

ရပ်ကွက်နေပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မြို့သာယာလှပရေးအတွက်မြို့ပေါ်ရှိ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရတနာလမ်းနှင့် မြို့ပတ်လမ်းများတွင် LED  မီးများတပ်ဆင်ပေး ကြောင်း သိရသည်။

Read 26 times Last modified on Friday, 21 April 2017 19:33