Friday, 21 April 2017 19:29

လယ်ယာမြေ ဥပဒေ နည်းဥပဒေ ဆိုင်ရာ အသိပညာပေး ဟောပြော

Written by 
Rate this item
(0 votes)

ပြင်ဦးလွင်  ဧပြီ  ၂ဝ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ညံကွဲ အောင်ရတနာဓမ္မာရုံ၌ တောင်သူလယ်သမားများ သိ သင့်သိထိုက်သည့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပသည်။

ရှေးဦးစွာ တံခွန်အားမာန်တောင်သူလယ်ယာဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ် ယာမြေများအတွက် လယ်ယာ မြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇) အပြည့်အဝ ထုတ်ပေးနိုင်ရေး၊ တည်ဆဲ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပ ဒေနှင့်အညီ ဒေသခံ တောင်သူများလိုက်နာ ကျင့် သုံးနိုင်ရေးနှင့် မြေယာဥပဒေများအား ရှင်းလင်းဟောပြောပြီး တောင် သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးသည်။ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးစိန်ဝင်း၊ တံခွန် အားမာန် တောင်သူလယ်ယာဥက္ကဋ္ဌ ဒေါက်တာအောင်ဌေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

Read 61 times Last modified on Friday, 21 April 2017 19:31