Friday, 21 April 2017 19:24

နွေစပါးပေါ်ချိန်၌ ခိုင်မာသော ဈေးကွက် ရရှိရန် တောင်သူများ မျှော်လင့်

Written by 
Rate this item
(0 votes)

ရေတာရည် ဧပြီ  ၂ဝ

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် အတွင်းရှိ ဆွာ ဆည်ရေသောက် စနစ်ဖြင့် နွေစပါး စိုက်ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုး ထားရှိရာ ရက်သုံးဆယ် ထိုင်းကောက်စပါးများ မကြာမီ စတင်ရိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် တောင်သူများ အနေဖြင့် ခိုင်မာသော ဈေးကွက် ရရှိရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။

နွေစပါး စိုက်ပျိုးရာတွင် ရက်သုံးဆယ်မျိုး ဖြစ်သော ထိုင်းကောက်၊ ရက် ၁၂ဝ သက်တမ်းရှိ ရတနာတိုး စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် ထွန်ယက်ခ၊ စပါးမျိုး ကုန်ကျစရိတ်၊ အလုပ်သမား ငှားရမ်းခ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အမျိုးမျိုး အစရှိသည့် ကုန်ကျစရိတ်မှာ ငွေကျပ် နှစ်သိန်းဝန်းကျင်ခန့် ကုန်ကျသည်။ နွေစပါးများ အထွက်နှုန်း ကောင်းမွန်ခြင်းနှင့် အောင်မြင်ရန်မှာ ရေရရှိမှု အပေါ်တွင် တည်မှီလျက် ရှိရာ ယခုနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေပေးမြောင်း အလိုက် တာဝန်ခံများဖြင့် စနစ်တကျ ဆောင်ရွက်ပေးမှုကြောင့် အဆင်ပြေ ချောမွေ့စွာ စိုက်ပျိုးနိုင် ခဲ့သည်။ ''ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ စပါးအထွက်နှုန်း ကောင်းနေရုံနဲ့ မရပါဘူး။ အဓိက အရေးကြီးတာက ဆန်၊ စပါး ဈေးကွက် ကောင်းမွန်ဖို့ လိုတယ်။ စပါး၊ ဆန်ဈေးကွက် ကောင်းမှ တောင်သူတွေ အသက်ရှူ ချောင်မှာ၊ စပါးဈေး မကောင်းရင်တော့ တောင်သူတွေ အတွက် အကြွေး တောင်ကျေဖို့ မလွယ်ဘူး''ဟု နွေစပါး စိုက်ပျိုးသည့် တောင်သူ တစ်ဦးက ပြောသည်။

Read 35 times Last modified on Friday, 21 April 2017 19:34

Latest from ရွှေတည်