Friday, 21 April 2017 19:26

မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမြှင့်တင်ရန် နှစ်နိုင်ငံ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမည်

Written by 
Rate this item
(0 votes)

ရန်ကုန်  ဧပြီ  ၂ဝ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု ယခင်ကထက် မြင့်တက်လာစေရန်ရည်ရွယ်၍ ယခုနှစ် မေ ၁၅ ရက်တွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံကာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲမှ ရရှိခဲ့သော အကျိုးရလဒ်များပေါ်မူတည်၍ နှစ်နိုင်ငံမှ လုပ်ငန်းရှင်များက အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့တွင် အထည်အလိပ်၊ သ ကြား၊ ပဲမျိုးစုံနှင့် နှမ်းရောင်းဝယ်ရေးလုပ်ငန်း၊ မော်တော်ယာဉ် အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ စား သောက်ကုန် ထုတ်လုပ်ရောင်းချရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် နည်းပညာဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေကြသော လုပ် ငန်းရှင်များ ပါဝင်မည်ဖြစ်သည်။

''ဒီတွေ့ဆုံဆွေးနွေးပွဲက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမှာပါ။ နှစ်နိုင်ငံစလုံးက လုပ်ငန်းရှင်တွေအနေနဲ့ နည်းလမ်း တွေအပါအဝင် ဗဟုသုတများစွာ ရရှိမှာပါ။ ဒီတွေ့ဆုံဆွေးနွေးပွဲပြီးတဲ့နောက်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍက အရင် ကထက် များစွာတိုးတက်လာမယ်လို့လည်း ယုံကြည်ထားပါတယ်''ဟု သကြားလုပ်ငန်းရှင် ဦးဝင်းနောင်ကပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လိုသူများမှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် နိုင်ငံတကာ ဆက်ဆံရေးဌာနသို့  ဧပြီ  ၂၈  ရက်မတိုင်မီ စာရင်းပေးသွင်းရမည်ဖြစ်ေ ကြာင်း သိရသည်။

Read 23 times Last modified on Friday, 21 April 2017 19:28