Friday, 21 April 2017 19:23

စင်ကာပူ အစိုးရ ကျောင်းများ၌ ကာလရှည် ပညာ သင်ကြားနိုင်မည့် အာဆီယံ ပညာသင်ဆုကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်

Written by 
Rate this item
(0 votes)

ရန်ကုန်  ဧပြီ  ၂ဝ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် စင်ကာပူအစိုးရကျောင်းများ၌ လေးနှစ်ကြာပညာသင်ကြားခွင့်ရနိုင်မည့် အာဆီယံ ပညာသင်ဆုကို မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ဧပြီ ၂၁ ရက်မှ  ၂၆  ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါပညာသင်ဆု ရရှိမည့်သူများ အနေဖြင့် Secondary Three မှ PreUniversity Two Level အဆင့်ထိ ပညာသ င်ကြားခွင့်ရရှိမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်ထားလိုသူသည် မြန်မာနိုင်ငံ သားဖြစ်ရမည်ဖြစ်ပြီး အဋ္ဌမတန်းအောင် မြင်သူဖြစ်ရမည်။ အင်္ဂလိပ်၊ သိပ္ပံနှင့် သင်္ချာဘာသာရပ်များကိုလည်း ထူးချွန်စွာတတ် မြောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

''စင်ကာပူနိုင်ငံမှာ ပညာသွားသင်ဖို့ တစ်နှစ်အတွက် ကုန်ကျစရိတ်က အရမ်းများပါတယ်။ ဒါကြောင့် အခု အာဆီယံပ ညာသင်ဆုက လေးနှစ်တောင် တက်ခွင့်ပေးမှာဆိုတော့ တကယ်ရခဲတဲ့ အခွင့်အရေးပါ။ ဒီအခွင့်အရေးကို လူငယ်တွေ အနေနဲ့ အကျိုးရှိရှိ အသုံးချသင့်ပါတယ်''ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ အင်္ဂလိပ်စာဆရာ ဦးဝေ လင်းကပြောသည်။

ယင်းပညာသင်ဆု လျှောက်ထားသူများအနေဖြင့် ပဏာမရေးဖြေစာမေးပွဲကို မေ ၁၁ ရက်တွင် သက်ဆိုင်ရာတိုင်းဒေ သကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှ စီစဉ်ပေးသည့်နေရာများ၌ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်များနှင့် သက် ဆိုင်သော စာမေးပွဲများကို ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါစာမေးပွဲ အောင်မြင်သူများအနေဖြင့် ဇူလိုင်လတွင် ရန်ကုန်မြို့၌ စင်ကာပူနိုင်ငံမှ ဆရာ၊ ဆရာမများ လာ ရောက်စစ်ဆေးမည့် ရေးဖြေစာမေးပွဲကိုလည်း ဖြေဆို ရမည်ဖြစ်ပြီး ယင်းစာမေးပွဲတွင်  ထပ်မံရွေးချယ်ခံရသူများသည် စက်တင်ဘာလတွင် ပြုလုပ်မည့် လူတွေ့စာမေးပွဲကို ထပ်မံဖြေဆို ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် အောင်မြင်သူများ သာ ယင်းပညာသင်ဆုရရှိမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ၌ လေးနှစ်ကြာပညာသင်ကြား ခွင့်ရရှိ မည်ဖြစ်သည်။လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ပညာသင် ကြားနေသော မြန်မာလူငယ်ဦးရေ များပြားစွာရှိကြောင်း သိရသည်။

Read 25 times Last modified on Friday, 21 April 2017 19:25