Friday, 21 April 2017 18:56

လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်

Written by 
Rate this item
(0 votes)

ပဲခူး    ဧပြီ   ၂ဝ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ကလျာဏီရပ်ကွက် အောင်သုခလမ်း၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွား သောနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ကျင်းပ သည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာေ ဒ်ါရွှေပုံနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ကလျာဏီရပ်ကွက်မှ လေ ပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော ဒေသ ခံပြည်သူများ၏ နေအိမ်များအတွက် သစ်သားနေအိမ် တစ်လုံး လျှင် ငွေကျပ်တစ်သိန်းနှုန်း၊ တဲအိမ်တစ်လုံးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ပြန်လည်တည်ဆောက်ပြုပြင်ခြင်းများပြုလုပ်နိုင်ရန် တာဝန်ရှိသူ တို့ထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များကို လိုက်လံကြည့်ရှုပြီး မိသားစုများအား နှစ်သိမ့်အားပေး စကားများ ပြောကြားသည်။ပဲခူးမြို့ ကလျာဏီရပ်ကွက် အောင်သုခ လမ်း တွင် ဧပြီ ၁၄ ရက်က လေ ပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး ထရံကာ ပျဉ်ခင်းနေ အိမ်လေးလုံး၊ တဲအိမ်တစ်လုံး ပြိုကျပျက်စီး သွားကြောင်း သိရသည်။

Read 25 times Last modified on Friday, 21 April 2017 19:03