Friday, 21 April 2017 18:53

ညောင်လေးပင်မြို့ မြို့မဈေးအနီး တစ်လမ်းမောင်းစနစ် လိုက်နာ တတ်စေရန် ဆောင်ရွက်

Written by 
Rate this item
(0 votes)

ညောင်လေးပင်  ဧပြီ  ၂ဝ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးကော်မတီက မြို့မဈေးမှ ဈေးသူဈေးသားများနှင့် ဈေး ဝယ်သူများအနေဖြင့် ဈေးအနီးပတ်ဝန်းကျင်ရှိ လမ်းများကို တစ်လမ်းမောင်းစနစ် လိုက်နာ တတ်စေရန် ယနေ့နံနက် ပိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်လေးပင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦး၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက ဦးဆောင်ကာ မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းကြီးကြပ်မှု ကော်မတီတို့နှင့် ပူးပေါင်း၍ ဈေးသည်များအား စနစ်တကျ ဈေးရောင်းချစေရန်နှင့် ဈေးသည်များနှင့် ဈေးဝယ်သူ များသွားလာမှု အဆင်ပြေစေရန် ဈေးအနောက်လမ်းကို အဝင် လမ်းအဖြစ် လည်းကောင်း၊ ဈေးအရှေ့လမ်းကို အထွက်လမ်းအဖြစ်လည်းကောင်း တစ်လမ်းမောင်း စနစ်သတ်မှတ်၍ စနစ်တကျဝင် ထွက်လိုက် နာတတ်စေရန်အတွက် ဆောင်ရွက်ကြသည်။

အဆိုပါဆောင်ရွက်မှုကို ဧပြီ ၂၁ ရက် အထိ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး ပညာပေး ကာလကျော်လွန်ပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Read 13 times Last modified on Friday, 21 April 2017 18:56