Friday, 21 April 2017 17:54

ဘောလုံး အကယ်ဒမီနှင့် အားကစားနှင့် ကာယပညာ သိပ္ပံသင်တန်းများအတွက် ပဏာမ ရွေးချယ်ထားသော သင်တန်း သားများအား မြို့နယ်အားကစားမှူးများက လေ့ကျင့် သင်ကြား ပေးလျက်ရှိ

Written by 
Rate this item
(0 votes)

မုံရွာ  ဧပြီ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီး  အားကစားကွင်း၌ ဘောလုံးအကယ်ဒမီနှင့် အားကစားနှင့် ကာယပ ညာ သိပ္ပံသင်တန်းများတွင် ဖွင့်လှစ်မည့် အသက်၁၁ နှစ်အောက်နှင့် ၁၂ နှစ်အောက် အားကစား သင်တန်းများ အတွက် ပဏာမရွေးချယ်ထားသော သင်တန်းသားများအား မြို့နယ်အားကစားမှူးများက သက်ဆိုင်ရာအားကစား နည်းများနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီအတွက် ပဏာမ လူရွေးချယ်ပွဲတွင် မုံရွာဇုန် အဖြစ်မုံရွာမြို့ တိုင်းဒေသကြီးအားကစားကွင်းအတွင်း ဧပြီ ၁ ရက်က  သင်တန်းသား ၁၇ ဦးကိုလည်းကောင်း၊ မန္တ လေးနှင့် မုံရွာမြို့ရှိအားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအတွက် ဧပြီ ၈ ရက်တွင် သင်တန်းသား၊သင်တန်းသူ ၃၈ ဦးကိုလည်းကောင်း ပဏာမရွေးချယ်ခဲ့သည်။

''ပဏာမရွေးချယ်ခံထားရတဲ့ အားကစားသမားတွေကို သူတို့ပါဝင်ရမယ့် အားကစားနည်းတွေရဲ့ အခြေခံတွေကို ပိုမို ကျေညက်စေဖို့နဲ့ ကျန်းမာကြံ့ခိုင်နေစေဖို့အတွက်ကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ ကြီးကြပ်မှု အရ ထပ်ပြီးလေ့ကျင့်ပေးနေတာပါ၊ ဒါမှနောက်ဆုံးဆန်ခါတင်လူရွေးပွဲမှာ အခက်အခဲမရှိစေဖို့အတွက် မီတာ၁ဝဝ၊ ၄ဝဝ နဲ့ မီတာ ၈ဝဝ အပြေး၊ အိပ်ထမတင်၊ ဒိုက်ထိုးခြင်း စတဲ့ ကြံ့ခိုင်ရေးတွေကို လေ့ကျင့်ပေးနေတာပါ''ဟု     မုံရွာမြို့ နယ် အားကစားမှူးက ပြောသည်။

ပဏာမအဖြစ် ရွေးချယ်ခံထားရသော ဘောလုံးအကယ်ဒမီသင်တန်းများအတွက်အသက် ၁၁ နှစ်အောက်ကို ရန်ကုန် အကယ်ဒမီနှင့် အသက် ၁၂ နှစ်အောက် ပုသိမ်အကယ်ဒမီသင်တန်းများအတွက် ဆန်ခါ တင်လူရွေးချယ်ခြင်းကို မေ ၁ ရက်တွင် မန္တလေးမြို့နှင့် မေ ၅ ရက်တွင် ရန်ကုန်မြို့၌လည်းကောင်း၊ မန္တလေးအားကစားနှင့် ကာယပညာသိပ္ပံကျောင်း အတွက် ဆန်ခါတင်လူရွေးချယ်ခြင်းကို ဧပြီ ၂၄ နှင့် ၂၅ ရက်တို့တွင် မန္တလေးအားကစားနှင့် ကာယပညာသိပ္ပံကျောင်း ၌လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 29 times Last modified on Friday, 21 April 2017 17:55